
ဘေးအန္တရာယ်စီမံခန့်ခွဲ့ရေးဆိုင်ရာ အသိပညာပေး စာစောင်များ
Disaster Risk Management
လတ်တလောကြုံတွေ့နေရသော ပဋိပက္ခအခြေအနေများနှင့် ဆက်စပ်ဘေးအန္တရာယ်များ ပတ်သတ်၍ ထိရောက်စွာ ဒေသခံပြည်သူလူထုသို့ အသိပညာပေးနိုင်စေရန်၊ ဒေသခံ ပြည်သူလူထုမှ ပါဝင်၍ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်ဖော်ထုတ်ပြီး ကြိုတင် ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း အစီအမံများ ဆောင်ရွက်နိုင်စေရေး ပံ့ပိုးကူညီပေး နိုင်ရန်၊ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ BMA မှထုတ်နုတ်ထားသော ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးစာစောင်များကို မျှဝေလိုပါသည်။
မြန်မာနိုင်ငံ၏ နေရာအနှံ့တွင် စစ်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေသည်နှင့်အမျှ တိုက်ပွဲ များတွင် အသုံးပြုကြသည့် အဖျက်စွမ်းအားမြင့် ပေါက်ကွဲစေ တတ်သော လက်နက်ပစ္စည်းများ၊ ဓာတုလက်နက်များ၏ ထိခိုက်သက်ရောက်နိုင်သော အခြေအနေများကိုလည်း ဒေသခံ ပြည်သူများ သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် ရင်ဆိုင်တုံပြန်နိုင်ရေးမှာ အရေးကြီးပါသည်။ ထို့ပြင် ဒေသတွင်းစစ်ပွဲများတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ခတ်မှုများသည်လည်း ပြည်သူလူထု၏ အသက် အန္တရာယ်ကို နေ့စဉ်ခြိမ်းခြောက်လျက်ရှိနေပါသည်။
ဘေးအန္တရာယ်များအကြောင်း ပိုမိုသိရှိနားလည်ကာ ရပ်ရွာအတွင်း ကျရောက်လေ့ ရှိသော ဘေးအန္တရာယ်များနှင့် ထိခိုက်ဆုံးရှုံး နိုင်ခြေများ တွက်ဆ၍ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ပညာပေး လက်ကမ်းစာစောင် နှင့် ပိုစတာများကို download ရယူနိုင်ပါသည်။
Download ရယူရန်
DRR PAMPHLETS
Myanmar Version
DRR POSTERS
Myanmar version
DRR POSTERS
Karen Version
DRR PAMPHLETS
Karen Version