Chat GPT and Medical Field
Open AIဆိုတဲ့technological companyတခုကနေ၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ Chat GPTဆိုတဲ့Artificial Intelligenceနည်းပညာသုံးထားတဲ့applicationတခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
𝐖𝐡𝐚𝐭 𝐢𝐬 𝐂𝐡𝐚𝐭 𝐆𝐏𝐓?
chat GPTဆိုတာကတော့အလွယ်ပြောရမယ်ဆိုရင်သိချင်တာမှန်သမျှအကုန်မေးလိုရတဲ့applicationလိုဖြေရပါလိမ့်မယ်။
googleမှာလဲသိချင်တာမှန်သမျှရှာလိုရမေးလိုရတယ်ဆိုပေမဲ့ သူတိုနှစ်ခု ကချည်းကပ်ပုံချင်းမတူပါဘူး။google နဲ့မတူတဲ့အချက်ကသူက စက်ရုပ်သူငယ်ချင်းတစ်ယောက်နဲ့စကားပြောသလိုchatသလို အပြန်အလှန်ဆွေးနွေးမေးမြန်းလိုရမှာပါ။
ဘာတွေမေးလိုရမလဲ?
အကုန်မေးလိုရပါတယ်။နယ်ပယ်ပေါင်းစုံက မိမိသက်ဆိုင်ရာနယ်ပယ်အလိုက်မေးလိုရပါတယ်။
Health,Sports,Science,Programming,Design,Music,Engineering…..အစရှိတဲ့မည်သည့်နယ်ပယ်မည်သည့်ပညာရပ်မဆိုတိုင်ပင်ဆွေးနွေးမေးမြန်းလိုရပါတယ်။တစ်ခါတစ်လေစဥ်းစားပီးမှအဖြေပေးတဲ့ပုံစံလေးကလဲလူတစ်ဦးစကားပြောနေရတာနဲ့တောင်ပိုတူနေတာပါ။
မေးမြန်းသမျှကိုလဲအရမ်းတော်တဲ့လူတစ်ဦးကသေချာလေးဖြေပေးနေသလို
အဖြေကိုရှင်းရှင်းလင်းလင်းအချက်လေးတွေနဲ့ပြန်ဖြေပေးတာကသူရဲ့အားသာချက်တစ်ခုပါ။
𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐟𝐢𝐞𝐥𝐝 & 𝐜𝐡𝐚𝐭𝐆𝐏𝐓
Chat GPTအကြောင်းintroလေးပြောပီးပီဆိုတော့medical fieldကလူတွေchat GPTကနေဘာတွေရနိုင်သလဲဆိုတာပြောပြမှာပါ။
1.𝙈𝙚𝙙𝙞𝙘𝙖𝙡 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘼𝙣𝙙 𝙏𝙧𝙖𝙞𝙣𝙞𝙣𝙜
ChatGPT က ကျန်းမာရေး၀န်ထမ်းတွေ၊ဆေးပညာရပ်ကိုလေ့လာနေတဲ့ကျောင်းသားေတွအတွက်အရမ်းအကျိုးရှိစေတာတွေ့ရမှာပါ။
Updateဖြစ်တဲ့medical conditions,treatments ,proceduresေတွကိုလေ့လာနိုင်မယ့်အပြင် စာမေးပွဲအတွက်လေ့ကျင့်ဖိုcase အတုတွေကိုပါAI ကဖန်တီးပေးနိုင်ပီးလေ့ကျင့်ဖြေဆိုဆွေးနွေးလိုရနိုင်ပါတယ်။
2.𝙈𝙚𝙙𝙞𝙘𝙖𝙡 𝙍𝙚𝙨𝙚𝙖𝙧𝙘𝙝
Medical researchအတွက်လိုအပ်သမျှအရာအားလုံးကိုတိုင်ပင်လိုရမယ့်အပြင်ဘယ်ကစလုပ်ရမလဲဆိုတာထိပါ step by step ပြောပေးနိုင်တာတွေ့ရမှာပါ။
3.𝘾𝙡𝙞𝙣𝙞𝙘𝙖𝙡 𝘿𝙚𝙘𝙞𝙨𝙞𝙤𝙣𝙨
ဆေးကုတဲ့နေရာမှာလဲhealth care professionals ေတွကိုအများကြီးကူညီပေးနိုင်ပါတယ်။signs and symptoms တွေကိုပြောပြတိုင်ပင်ပီးတူတူအဖြေရှာလိုရတဲ့အပြင်ဆေး ရဲ့ dosage တွေနဲ့ဘယ်လူနာကိုဘယ်လို Health Educationပေးရမယ်ဆိုတာပါပြောပေးနိုင်ပါတယ်။
4.𝘼𝙣𝙮𝙤𝙣𝙚 𝙘𝙖𝙣 𝙖𝙨𝙠
နောက်ဆုံးအနေနဲ့ကျန်းမာရေး၀န်ထမ်းေတွသာမကပဲလူတိုင်းကသူတိုရောဂါအခြေအနေကိုဆွေးနွေးနိုင်မှာပါ။မေးတဲ့မေးခွန်းအလိုက်medical professionals တွေမေးရင်တစ်မျိုး medical knowledge သိပ်မရှိတဲ့လူတွေမေးရင်တမျိုး မေးခွန်းအနေအထားအလိုက်ဖြေကြားပေးတာသူ့ရဲ့အားသာချက်တခုပါ။
အခုChat GPTရဲ့အသုံး၀င်ပုံသိပီဆိုတော့ သွားစမ်းကြည့်လိုရအောင် link ကိုအောက်မှာပေးထားပါတယ်။အားလုံးအသုံးတည့်လိမ့်မယ်လိုယုံကြည်ပါတယ်ဗျ။
https://openai.com/blog/chatgpt/


The Long Journey(Health, Politics, and Human Rights in Eastern Burma)
တိုင်းရင်းသားကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်နေသော မြန်မာပြည်အရှေ့ဘက်ခြမ်းဒေသတစ်လျှောက်တွင်
လူ့အခွင့်အရေး နှင့် ကျန်းမာရေးအခြေအနေများကို နိုင်ငံတကာသို ဖော်ထုတ်ပြသနိုင်ရန် ၄- ၅ နှစ်တစ်ကြိမ် စစ်တမ်းကောက်ယူမှုများ၊အစီရင်ခံစာများထုတ်ဖော်မျှဝေမှုများ ဆောင်ရွက်လာခဲ့ရာ ၄ ကြိမ်တိုင်တိုင်ရှိခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သော စစ်တမ်းမှ ထွက်ရှိလာသော အစီရင်ခံစာကို အောက်ပါလင့်ခ်တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းမျှဝေပေးလိုက်ပါသည်။
https://hiswg.org/wp-content/uploads/2023/02/The-Long-Journey-Report.pdf